ဒီဇင်ဘာလ ၃၀ ရက်နေ့ မန္တလေး မြို့တော်၌ ပြုလုပ်မည့် မော်တော်ယာဉ် လေလံပွဲတွင် လေလံတင် ရောင်းချမည့် မော်တော်ယာဉ် ၂၃၁ စီးတွင် Toyota Corolla အမျိုးအစား ယာဉ် အများဆုံး ပါဝင်ကြောင်း လေလံတင် ရောင်းချမည့် ဗဟို စက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီး ဋ္ဌာနမှ ထုတ်ပြန်သည့် မော်တော်ယာဉ် စာရင်းများ အရ သိရသည်။
အဆိုပါ မော်တော်ယာဉ် များတွင် Toyota Corolla အမျိုးအစား မော်တော်ယာဉ် ၇၄ စီး ပါဝင်ပြီး Toyota Mark II ယာဉ် ၁၂ စီး၊ Toyota Hilux Surf ယာဉ် အစီးရေ ၁၄ စီး အပါအ၀င် Toyata Caldiana၊ Toyota Corona၊ Toyota Hiace စသည့် Toyota Series ယာဉ်များ အများဆုံး ပါဝင်ကြောင်း အဆိုပါ စာရင်းများ အရ သိရသည်။
ထို့အပြင် နီဆန်း၊ မစ်ဆူဘီရှီ၊ ဟွန်ဒါ၊ အီစူဇူး မော်တော်ယာဉ်များ Parado၊ Landcruza၊ မာဇဒါ၊ China ဆူဇူကီး၊ Pajero စသည့် အမှတ်တံဆိပ် များလည်း ပါဝင်ကြောင်း အဆိုပါ စာရင်းများ အရ သိရသည်။